Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
သစ် တစ်ပင်ရဲ့ ခံနိုင်ရည်အားလို
အမြစ်ဖျားမှာ တည်ပြီးတဲ့နောက်
မုန်တိုင်းကိုလည်း မကြောက်တော့ဘူး
ဖြစ်ချင်ရာဖြစ် ပစ်ပေါက်ဖို့
ဘ၀ ဆိုတာကောက်ရခဲ့တာ မဟုတ်ဘူး
ကံကြမ္မာ ကြောင့်မှောက်ကြသွားခဲ့ရင်တောင်
ဒူးထောက်ခြင်း ဆိုတဲ့ ''အတတ်''
ပြန်ထ ဖို့အတွက်ပဲ ''သင်''ခဲ့တာ
လောကဓံ ရေ...............
ကိုးဆယ့်ကိုးယောက်မြောက်
''မင်း''ကို လက်မြှောက်ပေမယ့်
ငါ မြှောက်မယ့်လက်က
အောင်မြင်ခြင်း အတွက်ပဲ သင်ခဲ့တာ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ပင်မြင့် ယံထက်
ကျေး ဇရက်နှင့်
လွမ်းတေးထပ်ကို
ဥသြ ဆိုစဉ်
ပိတောက်ပျို လည်း
လေပြေထဲ ၌
ယိမ်းနွဲ့ တဖန်
က မည့်ဟန်ပြင်
နွေ သခင်ကို
ကြိုတော့သည်။
(ကဗျာ ဟောင်းလေးကို ပြန်တင်ပေးလိုက်တာပါ)
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
နှုတ်ဆက်စာ
ချစ်လှစွာသော ဘလောက်ဒ်ဂါ အကို အမ အပေါင်းတို့ခင်ဗျာ
ကျွန်တော်ရဲ့ (မင်းဧရာ) ဟုခေါ်သော ဘလောက်ဒ် လေးကတော့
သူတပါး သမ သွားလို့ဘယ်လိုမှကို ၀င်ရောက်ရေးသားလို့မရတော့
တော့ပါသဖြင့် ကဗျာ လောကကြီးကို ထပ်မံပြီးဖျက်စီးဖို့ နဲ့
ဘလောဒ်ဂါ အပေါင်းတို့အားလည်း စိတ်ဆင်းရဲစေခြင် အကျိုးငှာ
ယခုလို အကောင့်သစ်တခု ထပ်ဖွင့်လိုက်ရခြင်း ဖြစ်ပါတယ် ။
သမ ခံလိုက်ရတာက Email အကောင့်ဆိုပေမယ့် တဆက်တည်း ဘလောက်ဒ်
အကောင့်ပါ ပါသွားလေတော့ ဒီရက်တွေမှာ တော်တော်လေးကို စိတ်ဆင်းရဲနေပါတယ်
သီတင်းကျွတ် ပွဲတော်ရက်လေးမှာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးလိုက်ရလို့ပါးး)
တနေ့လုံး တညလုံး youtupe မှာအပူကပ်ပြီးတဲ့နောက် ကျွန်တော်ပြန်ရောက်လာတဲ့
အကြောင်းကိုလည်း မျက်စေ့နောက်အောင် ရေးရပါသေးတယ် စီပုံးတွေ ဆန်ပုံးတွေ
ကိုတော့ ပြီးမှလိုက်ကောက်ရမှာဘဲ အခုတော့ နားပါစေအုံးဗျာ မျက်လုံးတွေလည်း
ကျိန်းစပ်နေပြီ။
ဘလောက်ဒ်ဂါ အကိုကြီး အမကြီးများ ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ် ပွဲတော်ရက်လေး
ဖြစ်ကြပါစေ လူပျိုကြီးတွေလည်း စွံပါစေ အပျိုကြီး တွေလည်းစွံပါစေ ဒီလောက်ဆုတောင်းပေးနေတဲ့
ကြားက လူပျိုကြီး အပျိုကြီး ဖြစ်ချင်တဲ့သူတွေကိုတော့ လူဦးရေတိုးတက်မှု့ကို အကြီးအကျယ်
နှောက်ယှက်မှု့နဲ့ တရားစွဲပြစ်မယ် သတိထားးး)။
အပြည့်အစုံသို့