Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခြေရာကိုဖျက်
ရွာမှထွက်၍
နှုတ်ဆက်လက်ပြ
မမြင်ကြပြီ
ငါ့၏၀ိညာဉ်
စိတ်အစဉ်က
ရေတွင်ခဲချ
ဒီလှိုင်းကြွသို့
မှိုင်ပြစွတ်စို
မျက်ဝန်းညိုလည်း
ငွေ့ရည်ခဲ၍
တိမ်မဲ မပြို
လည်လျိုနောက်ပြန်စဉ် အခိုက်
ရင်၌ချီထုံး
ဟိုစဉ်တုန်းက
အပြုံးလည်းသွေ့
ရက်မစေ့မီ
ဖူးခဲ့သည်မှ
ခွေးအ သောင်ပြင်
ထိုအသွင်သို့
စပျစ်ကိုမြင် ချဉ်မိပြီ
မျို၍မရ
ပျို့အန်ချငြား
ငါကားမရည်
ဘယ်ဆီဘယ်သို့
ဤမြို့မှထွက်
နှုတ်ဆက်လက် ရမ်း
ပင့်သက်နွမ်းတို့ ပြေခဲ့ချိန်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခွက်ထိုးဆင့်ခံ
မိုးသံဂျိမ်းဂျိမ်း
ထိုလူပြိန်းတို့ ထခုန်ချိန်။
ကျွန်စိတ် ကျွန်ဟန်
ကျွန်သံမပျောက်
မျှော် ထောက် ခို စား
လူပြိန်းများသည် ငါ့ဌာနီ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ချောင်းပြည့်ကမ်းလျှံ
ရွာရန်သိပ်သည်း
ထိုတိမ်မည်းက
လွင့်ဝဲမပါ
လေနှင်ရာလည်း
ရင်တွင်းမှာပဲ ရွှဲခဲ့သည် ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
တိမ်ညွှတ်ချိုစား
လရိပ်ဖြားခို
သက်ထားပျိုက
ငုံ့လျိုကွယ်ပျောက်
ရောက်၍မလာ
အကယ်သာလျှင်
စိမ်းပြီ ထင်ရဲ့။
ခွန်းစတုံ့တင်
ဟိုယခင်က
ကြယ်ပြင်ဖွေးဖွေး
ညအေးအေး၌
ဝေ့၀ိုက်လွန့်လူး
ကြည်နူးဖူး၏ ။
မြူဦးအုံ့ဆိုင်း
ငွေလှိုင်းဇာကွပ်
နှင်းရည်စွတ်စို
ဌာနေအိုမှာ
ခိုနေရှာလည်း
အခွင့်နည်းစွာ
မဆုံသာလျှင်
သခင်ဘယ်သို့ တွေးမည်နည်း ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
မြစ်ကျိုးမျက်ရည်
အိပ်မက်ကြေ၍
ရွက်ကြွေလေ၀ဲ
တစ်ယောက်တည်း ငို
ရနံ့ချိုပျောက်
ဖ၀ါးအောက်၌
ကောက်၍တဖန်
သခင် ပန်စေ
မခြွေထို ဆု
မျက်ရည်ထုသိမ်း
ခပ်စိမ်းစိမ်း ပေါ့...။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အလှူကိစ္စ
အားလုံးမင်္ဂလာပါခင်ဗျား..
အလှုရျင်များ၏ စုပေါင်းအင်အားဖြင့် ဆောက်လုပ်နေသော သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း၏ ဆောက်လုပ်ပြီးစီးမှု အခြေ -အနေအား အလှုရှင်များနှင့် အလှုကို မုဒိတာပွားလိုသူများ သိရှိနိုင်ရန် ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား..။ပြီးစီးချိန်အထိ အလျင်း သင့်သလို ဆက်လက်ပြီး တင်ဆက်ပေးပါ့အုံးမယ်ခင်ဗျား..
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
လှိုင်းပုတ်၍
လှုပ်သောလှေ
လှေလှုပ်၍
ပုတ်သောလှိုင်း
ကမ်းရိုးတိုင်းကတော့ အနာတရတွေနဲ့......။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အလှူကိစ္စ
အားလုံးမင်္ဂလာပါခင်ဗျား..
သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှုရှင်များကို -မေတ္တာရပ်ခံပြီး ၁၃.၇.၂၀၁၂ ရက်နေ့မှစတင်ကာ ၁၅.၈.၂၀၁၂ ရက်နေ့အထိ (၃၄) ရက်တိုင်တိုင် M.M.Y.G မှ အလှုခံခဲ့ပါတယ်။ အလှုခံပုဂ္ဂိုလ်တွေရဲ့ မြင့်မြတ်သောသီလတန်ခိုး၊ အလှုရှင်တွေရဲ့ ယုံကြည်မှုနဲ့ ထက်သန်သော သဒ္ဒါတရား၊ နိုင်ငံအသီးသီးမှ အကျိုးဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ -ပေါင်းစပ်လိုက်တဲ့အခါ ယခုလှုအတွက် ကျွန်တော်တို့ ရည်မှန်းထားတာထက် နှစ်ဆခန့်ပိုပြီးများပြားတဲ့ အလှုငွေပမာဏနဲ့ အလှုခံခြင်းကို ပိတ်သိမ်းနိုင်ခဲ့ပါပြီ။ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတီးရီးယား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံပေါင်းစုံမှ စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၁,၈၆၉,၃၀၀ တိတိ (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ) ရရှိခဲ့ပါတယ်။နိုင်ငံအလိုက် ရရှိခဲ့တဲ့ပမာဏမှာ
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
လွတ်မြောက်ခြင်း တိမ်တိုက်နဲ့
အဝေးဆုံးအထိ လိုက်မျော
သမုဒ္ဒရာထက်ကြယ်နေသော ၀မ်းတစ်ထွာ
တစ်ခါ တခါတော့
ပြဿနာတွေက ငါ့ကိုရှာတယ်
ရှောင်ဖို့မလွယ်တဲ့ လမ်းကြားမှာ
ချောင်ပိတ်အရိုက်ခံရပါများတဲ့ စိတ်
တစ်ခါ တစ်ခါတော့
ငါဖိတ်ခဲ့တဲ့ ပြဿနာ တွေ
တောင်ပြန်လေကို ခွင်း
မြောက်လေပြင်းကို ဆန်
သိပ်သည်းခြင်း နံရံကိုဖေါက်ဖို့
ငါ့ အတောင်ကို မြှောက်ခဲ့ပြီ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ပြုပြင်ရင်း ပြောင်းလဲရင်း
လမ်းအောက်နိမ့်ဆင်းသွားတဲ့
ပလက်ဖောင်းများ
ပွင့်လင်းမြင်သာမှု့ ဆိုတဲ့စကားနဲ့
ဟင်းလင်းဖွင့် ရင်တံခါးအချို့
ကျုပ်တို့မြို့ရဲ့ ဆည်းဆာတွေမှာ
တံတွေးမျိုချသံတွေ စိပ်လာတယ်
နှစ်ဆယ့်ငါးပြားတန် ဇီးတစ်ပြားနဲ့
သူငယ်တန်းကို သွားကြတဲ့ ကာလ
ဆန်တစ်ပြည် အစိတ်ကြောင့် မှောက်ချတဲ့ သပိတ်
တစ်ထောင်ဖြစ်လို့ တိတ်နေသလို
ငါးဆယ်တန် ကျပျောက်တာ
လိုက်ရှာဖို့ မလိုတော့ဘူး
နှစ်ထောင့်ဆယ့်နှစ်ရဲ့
အကျော်ကြားဆုံးဖြစ်တဲ့ မြို့တော်
ကုန်ဈေးနှုန်းတွေ မိုးပေါ်ခေါ်ပြ
အ၀ီစိထိ ထိုးကျတဲ့ စီးပွားရေးနဲ့
သတင်းမွှေးတဲ့ ခေါင်းဆောင်တွေ က
လေတွေထဲ အိမ်ဆောက်
မျောက်တွေကို အုန်းသီးမြှောက်ပြ
ခုန်ပေါက်ကကြတဲ့ သူတွေ
သံပရာသီးစားပြီး
ချိုတယ်လို့အပြောများတဲ့ လောက
ကျုပ်အောချ လိုက်တယ်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
နှလုံးသားက
အစိမ်းလိုက်ခြေမွ သွားတာတောင်
ခေါင်းထောင်ချင်သေးတဲ့ အလွမ်း
လက်တစ်ကမ်းက လေပြေမှာ
ဆွတ်ပျံ့နေရှာတဲ့ ရနံ့ အချို့
မှိုင်းညို့ညို့ တိမ်ခိုးတွေလို
ဝေဒနာကို မဖြိုသာဘူး
မျိုထားရတာ များတော့
ချိုသလိုလို ဆေးခါးတွေက
နေသားကျ ကမ်းပါးအိုလို
လှိုင်းရှိုက်တိုင်း မပြိုတော့ဘူးလေ
တိုးတိတ်စွာ ရီဝေရင်း
ရွက်ကြွင်းအချို့ နွေစေရာ
ပျံ့ကြဲနေရှာတဲ့ အနာဂါတ် နဲ့
မောင်....ခရီးတွေဆက်ခဲ့ပြီ။
အပြည့်အစုံသို့