(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ငါ့ ဌာနေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခွက်ထိုးဆင့်ခံ
မိုးသံဂျိမ်းဂျိမ်း
ထိုလူပြိန်းတို့ ထခုန်ချိန်။

ကျွန်စိတ် ကျွန်ဟန်
ကျွန်သံမပျောက်
မျှော် ထောက် ခို စား
လူပြိန်းများသည်  ငါ့ဌာနီ။ 


13 မှတ်ချက်:

  1. Candy Says:

    မိုက်တယ် :D

  1. ဘုန်း ၂ တောက် Says:

    အော် လူအမျိုးမျိုး၊ နတ်အဖုံဖုံပါပဲ
    ဒကာတော် ကိုနွေတေးရှင်ရေ...
    ခင်မင်တဲ့

  1. မိုးနတ်ကြယ်စင် Says:

    အကိုတော့် ကဗျာတွေ ကြိုက်တယ်..
    ဆက်လက်ထုဆစ်နိုင်ပါစေ..
    ခင်တဲ့ ညလေးမိုးနတ်

  1. စံပယ်ချို Says:

    ကဗျာလေးတို
    အဓိပ္ပါယ်တွေပြည့်ဝလှတယ်
    ပျော်များနေတာလား ဘာကြောင့်.....

  1. lwannaung Says:

    ကဗျာရေးသူရဲ့ နယ်ထဲကို ကျွန်တော် ၀င်တွေးသွားတယ်ဗျ။

  1. လွင်ပြင်လှိုင်းငယ် Says:

    နာ့သမက်က လက်စွမ်းထက်ပါ့

  1. မြတ်နိုးသူ Says:

    ကဗျာလေးကိုမာန်အပြည့်နဲ့
    ရေးထားတာပဲဖတ်သွားပီအကိုရေ။

  1. ညိမ်းနိုင် Says:

    အံမာလေးဗျာ.....ထိလိုက်တဲ့ကဗျာ....၊ဒီကဗျာသာ ဟိုနေ့
    က ဟိုလူဂျီးလာတော့ တချိန်က ပက်ပက်စက်စက်ဆဲပြီး
    ခုကျမှ သွားအဖြဲသားနဲ့ မိန့်ခွန်းတက်နားထောင်နေတဲ့
    တိုက်ပုံဝတ်ဂျီးတွေ ဖတ်မိလိုက်လို့ကတော့ တက်သေ
    ကုန်လောက်တယ်.....။

  1. သူကြီးမင်း (တုံးဖလား) Says:

    ခွက်ထိုးဆင့်ခံ
    မိုးသံဂျိမ်းဂျိမ်း
    ထိုလူပြိန်းတို့ ထခုန်ချိန်။

    ကျွန်စိတ် ကျွန်ဟန်
    ကျွန်သံမပျောက်
    မျှော် ထောက် ခို စား
    လူပြိန်းများသည် ငါ့ဌာနီ။
    ......


    ခွက်ထိုးခွက်လှန်
    ရယ်သံခြိမ်းခြိမ်း
    မိုးသို့ဟိန်း၍ အလှစုံချိန်။

    ဖွန်စိတ် ဖွန်ဟန်
    ဖွန်သံ မပျောက်
    တော် ကောက်ယူထား
    လူညစ်များသည် ဖွံနေပြည်။း))

    လက်ကလိစရှိပါသောကြောင့် ကလိလိုက်မိခြင်းကို မောင်မင်းဧရာ နားလည်စွမ်းနိုင်မည်ထင်အံ့ ဟူ၍ ကလိလိုက်မိသည်။

    ကဗျာနက်နက်ကလေးတွေ ရေးနိုင်ပါစေကြောင်း။

  1. ငြိမ်းစိုးဦး Says:

    အလကားရတာကို ကျေနပ်ကြတဲ့မျှော်လင့်ကြတဲ့လူတွေ မြန်မာပြည်မှာပိုများလာတာ သေချာပါ
    တယ် ။ လောင်းကစားတွေလည်းမရှောင်ပါ ။ အလှူတွေမလာရင်လည်းမျှော် ... ဒီလိုနဲ့အပျင်းတွေကြီး အလုပ်မလုပ်ချင်သူတွေပိုများ ...

  1. နွေတေးရှင် (မင်းဧရာ) Says:

    နားလည် ပါပြီကော သူကြီးမင်းရယ် အမှန်ဆိုရရင်ဖြင့် သည်အချိန်အခါက သိပ်ကိုကြည်နူးစရာ ကောင်းတဲ့အချိန်ပေါ့ သို့ပေသိ သူကြီးမင်းသိတဲ့ အတိုင်းဘဲဗျာ ကျုပ်တို့ပြည်မှာကလည်း အချောင်ခိုပြီး
    လက်ကြောတင်အောင်လုပ်မစားကြတဲ့သူတွေက များနေလေတော့ ကြိုးကိုအီးသုတ်ပြီး ရမ်းလိုက်မိတယ်
    တပါးသူက ဘယ်လောက်ကူညီကူညီ ကိုယ်တိုင်ကမှ ကူလီစိတ်မပျောက်ရင် ဘယ်တော့မှ တောက်ပဖို့ လမ်းမမြင်ပေဘူးဗျာ အဲသလိုအတွေးတွေနဲ့ ရေးခဲ့မိတယ် နားလည်နိုင်ကြကောင်းပါရဲ့ဗျာ ။ကျုပ်လည်း သူကြီးလုပ်ခါမှ ဖွန်ကောင်ကြီး ဖြစ်တော့တယ်း) ကျန်းမာပါစေ သူကြီးမင်း..။

  1. Angelhlaing(May everybody be happy and healthy! Says:

    ထိထိမိမိ ...:)

  1. မိုးသက် Says:

    ရင်ကို လက်နှင့် ခတ်လိုက်သလိုပါပဲအစ်ကို.