ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပဇ္ဇုန် ဘယ်သို့ရှိပေမည် ။
ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဖူး၏ ။
အခုတော့ဖြင့်လေ
ပန်းနှောင်း
မိုးနှောင်း
မရွာကောင်းမှ
ဒီရေတောင်းသူ
ထိုမဉ္ဇူ ခို
တိမ်ညို မပြိုသာတော့ပြီ ။
27 July 2013 at 12:43
အောက်ဆုံးပုဒ်ကဆိုရင်..
မိုးမျှော်တဲ့ပန်းလေးပေါ့..ဟုတ်လား..ဘမူံ။
ဒုတိယပုဒ်လေးတော့..ဒီလိုလား
ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဘူး၏ ။
အတိတ်ဖြစ်လာမယ်ပစ္စုပ္ပန်တွေကို
တွေးပြီး..ပူမနေပါနဲ့ဗျာ..
အတိတ်ကိုပဲဖြစ်ဖြစ်၊အနာဂတ်ကိုပဲဖြစ်ဖြစ်
သိပ်ကြီးလဲစိတ်လွန်းဆွဲမနေပါနဲ့လေ...
သူရောကိုယ်ရော..အတိတ်လည်းရှိခဲ့မယ်...
အနာဂတ်လည်းမှန်းမယ်..ခါးသီးတဲ့ အထိအတွေ့ကြုံလေးတွေ ချန်ခဲ့..။ဘမူံပြောတယ်လေ..
ကြွေရဲမှ ဝေပါ..ဆိုတာ..
ကိုယ်ကိုယ်တိုင်လည်း
ဝေရဲရမှာပေါ့..ဝေလိုက်ပါ။
တခါက မိုးညတွေပဲ တမ်းတမနေပါနဲ့..
ရေလောင်းသန့်စင်ပေးတဲ့
ဥယျာဉ်မှူးခင် ခများ မှာ ရှိနေပြီပဲ..ရဲရဲသာပွင့်လိုက်
စမ်းပါ..တပင်လုံးညွှတ်ညွှတ်၊ တတောလုံး ဝေဝေ..
သူမွှေးကြူဖို့ ခင်များပွင့်ရဲရမယ်..။။
28 July 2013 at 10:16
တိုက်ဆိုင်တယ် ဒီစာသားလေးတွေက
ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပစ္စုန်ဘယ်သို့ရှိပေမည် ။
29 July 2013 at 01:47
တိုတိုလေးနဲ့ အဓိပ္ပယ်အပြည့်ခံစားရတယ်။
29 July 2013 at 02:41
ပြိုစေချင်ရင် ပြိုလိုက် ဘမှုံ... ဘာမှ တွေဝေမနေနဲ့ ^_^
29 July 2013 at 06:28
အလည်လာပြီး ကဗျာပညာလေးဆည်းပူးသွားတယ် ကဗျာဆရာဘမှုံရေ ...
အရာရာမှာ တွေဝေနေရင် ခြေတစ်လှမ်းနောက်ကျစမြဲပဲ ဆရာဘမှုံရေ..(ဆရာကို ဆရာလုပ်သွားသူ)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
29 July 2013 at 06:30
အော်... ရေးဘို့ကျန်သွားတယ်..
မောင်သစ္စာရဲ့ ကွန်မန့်လေးလဲ ကောင်းမှကောင်း :)
30 July 2013 at 08:28
တကယ်တော့.. ကျနော် ကဗျာအဖွဲ့တွေကို.. နားမလည်ဘူး.. မှုံ ရှင်းပြရင်တော့ ကောင်းသားဗျ.. ဒါမယ့်.. မှုံ့ကဗျာလေးတွေ.. နုလှလွန်းတယ်..
3 August 2013 at 03:13
သည်တစ်ပုဒ် အတော်ကောင်းတာကလား...လေးလုံးစပ်မှာတော့ ကဧရာ ပြိုင်စံရှားလို့ပဲ ကျူးရင့်ရတော့မယ်ထင်ရဲ့...
3 August 2013 at 03:23
ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပစ္စုန်ဘယ်သို့ရှိပေမည် ။
ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဘူး၏ ။
အခုတော့ဖြင့်လေ
ပန်းနှောင်း
မိုးနှောင်း
မရွာကောင်းမှ
ဒီရေတောင်းသူ
ထိုမဉ္ဇူ ခို
တိမ်ညို မပြိုသာတော့ပြီ ။
...
ပထမအပိုဒ်က
ပစ္စုန်ဘယ်သို့ရှိပေမည် ။
ဆိုတဲ့နေရာမှာ
ပစ္စုန်အစား ပဇ္ဇုန်လို့များ ဖြစ်နေမလားလို့
ပါဠိမှာ ပဇ္ဇုန ဆိုတဲ့ စကားလုံးရှိတယ်။ မိုး (မိုးတိမ်) ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။
ပါဠိပျက်အနေနဲ့ဆိုရင်တော့ ပဇ္ဇုန်ပေါ့။
ဒါမှမဟုတ် ကဧရာက ပစ္စုပ္ပန္န (ပစ္စုပ္ပန်>ပစ္စုန်)လို့များ ဆိုလေသလား။
ဒါပေမဲ့ မိုးဆိုတဲ့ အဓိပ္ပါယ်ကိုရည်ညွှန်းတာဆိုရင်တော့ ပဇ္ဇုန်ဆို ပိုမှန်မယ် ထင်ပါတယ်။
ဒါပေမဲ့ ကဧရာရဲ့ အလန်းတွေထဲက ပစ္စုန်ဆိုတဲ့ သူ တစ်ယောက်အကြောင်း ရေးဖွဲ့ထားတယ်ဆိုရင်တော့ သူကြီးမင်းရဲ့ အမှားပေါ့။း)
နောက်ပြီး နောက်ဆုံးအပိုဒ်က
ထိုမဉ္ဇူ ခို ဆိုတဲ့ နေရာမှာ
မဉ္ဇူ ဆိုတာ ကဧရာ ဘာကို ညွှန်းဆိုတာလဲ မသိ။ ဒါလဲ သူတစ်ယောက်နာမည်လေဘဲလား ။း)
မဉ္ဇူသက (နတ်ပန်း)။ မဉ္ဇူသာ (သေတ္တာ)။ မဉ္ဇု (ချစ်ခင်စရာ)။ မဉ္ဇုဿရ (ချစ်ဖွယ့်အသံ)
နောက် တဆက်ထဲ စာလုံးပေါင်းသတ်ပုံ (မှတ်ခဲ့ဖူးတာလေး)ကိုမျှဝေလိုက်ဦးမယ်။
ရာသီသိမ်းထိ စွေဘူး၏ ။ ဆိုတဲ့ နေရာမှာ
ဘူးအစား ဖူးဆိုရင် ပိုအားကောင်းမလားလို့။
ဖူး ဆိုတာ လုပ်ခဲ့ဖူးတာ စားခဲ့ဖူးတာ သွားခဲ့ဖူးတာ စသဖြင့် အတိတ်က ပြုလုပ်ခဲ့ဖူးတာကို ရည်ညွှန်းတာပါတဲ့။
ဘူးဆိုတာကတော့ မလုပ်ဘူး မစားဘူး မသွားဘူး စတဲ့ အငြင်းဝါကျတွေမှာ သုံးတာတဲ့။
ဒီအတိုင်းကြည့်ရင် မထင်ရှားသလိုနဲ့ မစားဖူးဘူး။ မစားခဲ့ဖူးဘူး။ မသွားဖူးဘူး။ မသွားခဲ့ဖူးဘူး။ မချစ်ဖူးဘူး။ မချစ်ခဲ့ဖူးဘူး။ မတွေ့ဖူးဘူး။ မတွေ့ခဲ့ဖူးဘူး။ ဆိုတဲ့ စကားလုံးတွေမှာကျတော့ ဖူးနှင့်ဘူး ကွဲပြားမှုက ထင်ရှားလာသလိုဘဲ။
ကဲ.. ကဧရာရေ..
ဘာမှတော့မဟုတ်ဘူး။ အပျင်းပြေ တနင်္ဂနွေ လုပ်ကြည့်လိုက်တာ။း)
ကဗျာလေးတွေ စုထားဗျာ။ ချစ်စရာလေးတွေ ကလား။
ခင်မင်လျှက်။
သူကြီးမင်း။
3 August 2013 at 03:27
သူကြီးမင်းရေ........
ကျေးဇူး အထူးပါဗျာ
အခုကျနော်ပြင်ပေးလိုက်ပါပြီ ။
လေးစားထိုက်ပုံများ စာလုံးပေါင်းမှားနေတာကို
အီးမေလ်းပို့ပြီးတော့ ပြင်ပေးသွားရှာတယ်
မှတ်သင့်မှတ်ရာ မို့ကတစ်ကြောင်း
အများသူငါ ဖတ်သင့် ဖတ်ထိုက်သောကြောင့် တစ်ကြောင်း အီးမေလ်း ကနေ ကူယူပြီး တင်ထားလိုက်တယ် သူကြီးရေ...။
13 August 2013 at 12:00
ကဗျာတွေက ကြာလေ
ကောင်းလေပါလား အကို
16 August 2013 at 01:54
သူများတွေ မန့်တာတွေဖတ်သွားတယ်..
မျက်လုံးလေး ကလယ် ကလယ် နဲ့
ကဗျာနဲ့ ပတ်သတ်ရင် သူငယ်တန်းပါ
22 August 2013 at 02:05
ကဗျာလေးကို သဘောကျနှစ်သက်စွာ ခံစားသွားရင်း ကဗျာခေါင်းစဉ်လေးကိုလည်း အရမ်းနှစ်သက်နေမိတယ်။ နှောင်း ဆိုတာလေးက မိန်းကလေးနာမည်လေးမှည့်မယ်ဆိုရင် သိပ်နူးညံ့ပြီး လှတာပဲနော်။
27 August 2013 at 04:40
ဘကြီး ရဲ့ လက်ရာ တွေ ခံစားသွားပါတယ် ... နှောင်း ...ဆိုတဲ့ ကဗျာလေးရဲ့ ကာရံ ကို အရမ်းကြိုက်တယ် ဘကြီး ရေ .... ။