(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မြတ်ရေးသီသော မောင့်ကဗျာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


မြူခင်းတစ်လှည့်
နှင်းတစ်လှည့်ဆင်
ယုဂံတွင် ၀ဲ
သခင့်ပွဲ ၌
ဦးခိုက်ခြေစုံ
နွှဲခွင့်ကြုံ၍
ပန်းစုံကိုခူး
မောင်သီကျူး၏

ကြည်နူးပြုံးရွှင်
မောင့်သခင်သည်
ရေကြည်ဖျန်းတောက်
မိုးဦးသောက်စ
တောက်ပရွှန်းစို
ရနံ့ချိုဆင့်
လည်တံဝင့်ချီ
ထိုနှင်းဆီ သို့
ကြယ်တို့သီကုံး
ဆံထုံး၌ ဆင်
ကိုယ်စားနှင်သော မောင့်ကဗျာ။


11 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့ကြပါဗျာ....
    အလုပ်တွေများနေ၍ စာတွေလည်မဖတ်နိုင်သေးဘူး
    ဘုန်းဘုန်းတောက်ကို သွားဖူးမလို့...။

  1. စံပယ်ချို Says:

    သာမက်လေးရဲ့ ရေးသာမှု နူးနူးညံ့ညံ့လေးတွေ
    နှလုံးသားကြားက ထူးထူးခြားခြားထွက်လာတယ်ထင်ရပါတယ်

  1. ဟန်ကြည် Says:

    အတော်ညက်တဲ့ အဖွဲ့အနွဲ့ပေပဲ...

    ကြယ်တို့သီကုံး ဆံထုံး၌ဆင်...ဆိုတဲ့ ပါဒကို လေးငါးခေါက်တောင် ရွတ်ကြည့်လိုက်မိသေးတယ်...လူပြိုကြီးတွေ ဗယ်လင်တိုင်းပြီးကတည်းက နုနုနွဲ့နွဲ့လေးတွေ ဖြစ်ကုန်ကြတာ သတိထားမိပါရဲ့း)

  1. Aunty Tint Says:

    အခုလို နူးညံ့တဲ့ ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖြစ်လာဘို့ဆိုတာ ပါရမီရှင်တွေအတွက် ခက်ခဲမယ်မထင်ဘူး ဒါပေမယ့် တီတင့်တော့ ကြိုးစားလိုက်တိုင်း ဖြစ်မလာတဲ့ အဆုံး ကဗျာတွေရသလောက် လိုက်ဖတ်တယ် :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. ညိမ်းနိုင် Says:

    အလို.....အလို.....ရှင်ကြီးက မြတ်တွေဘာတွေနဲ့ပါ
    လား.....ဟွင်းးးးး ဟွင်းးးးးးး

  1. မိုးနတ်ကြယ်စင် Says:

    အိုးးးးးးးးးးးးးး
    လှလိုက်တဲ့ ကဗျာလေးနှယ်...
    ဖတ်ရတာ ရင်ကိုအေးသွားတာပဲ...
    ရေးတဲ့သူက တော်လိုက်တာ..
    ဘယ်သူများပါလိမ့်နော် :P

  1. လွင်ပြင်လှိုင်းငယ် Says:

    မြတ်တဲ့ ကြားဖူးသလိုပဲ ။
    ဘယ်သူလေးလဲ ဟင် ။

  1. ဘုန်းတောက် Says:

    ဒီနေ့မှ အင်တာနက်ပြန်ရလို့ မဖတ်ရသေးတဲ့ ကဗျာအသစ်ကြပ်ချွတ်လေး သုံးပုဒ်ကို ခေါက်တုန့်ခေါက်ပြန် ဖတ်ပစ်လိုက်တယ်။ ချမ်းမြေ့ပါစေ ဒကာတော်ရေ။

  1. သူကြီးမင်း (တုံးဖလား) Says:


    နွှဲခွင့်ကြုံ၍
    ပန်းစုံကိုခူး
    မောင်သီကျူး၏
    ..

    ဂလို ဆိုတော့လဲ မောင်မင်းဧရာတို့ မခေပေဘူးဘဲ။း)


    ဂလို ကဗျာလေးတွေ တစ်ပတ်တစ်ပုဒ်လောက် ညှစ်ထုပ်လိုက်စမ်းပါ မောင်မင်းဧရာ။ ရုပ်ဘယ်လောက် ကြမ်းကြမ်း ကဗျာလေးတွေ လန်းဆန်းနေဖို့ အဓိက မဟုတ်လား။း)
    ချမ်းမြေ့ပါစေ ဒကာတော်ရေ။ အဲ... ဘုန်းနှစ်တောက် ကွန်မင့်ဖတ်ပြီး ယောင်ကုန်ပြီ။ ဟာ ဟ။

  1. Candy Says:

    မောင်တဲ့ ခိခိ
    မြတ်တဲ့ ခိခိ

    ကဗျာကောင်းလေး ကြိုက်တယ် :D

  1. Angelhlaing(May everybody be happy and healthy! Says:

    ကြည်နူးစရာလေး... အားကျတယ်ဝေ့.. မြန်မြန်ပြန်မှ မဖြစ်ဘူး ..တော်ကြာ ရောဂါတိုးနေမယ် ...:P