လေရူးအသော့ မြူးဆော့တစ်ခါ
ဟိုမှာတစ်ရွက် ဒီတစ်ရွက်နှင်
ရှစ်ခွင်မြူဆိုင်း ထင်တိုင်းလွမ်းတော့
မှိုင်းဖျော့စွတ်စို မျက်ဝန်းညိုသည်
သွေဖည်မရုန်း ခပ်နုံးနုံးပင်
ဟိုအတိတ်ကိုနှင်မိ၏။
မချိတင်ကဲ သံကုန်ချွဲသီ
ကြားစေရည်ငြား ရိုးဖျားတစ်ဖက်
ပင်အိုထက်တွင် ရှိုက်ငင်ငိုကြွေး
ဖေါ်ဝေးတစ်ကိုယ် ဥသြပျိုသည်
ဆင့်ဆိုမြည်တမ်း ပင့်သက်နွမ်းကို
ငါ့လို သူလည်း
တစ်ကိုယ်တည်းသာ ဖြေရော့မည်။
ရော်ရည်မှန်းဆ ဟိုတုန်းကများ
မြသားအသွေ့ လေအဝေ့တွင်
ပျော်ဝင်မိန်းမူး ကိုယ်တိုင်ခူး၍
ပွင့်ဦးကိုဆင် ပိတောက်ပင်သည်
နွေနေခြည်အောက် ပန်သူပျောက်၍
နွမ်းခြောက်တစ်ခါ ထိုမြေလွှာဝယ်
ရနံ့ပြယ်ရှာပေရော့မည်။
နှောင်းတမြည့်မြည့် စောင်းရွေ့ရှာပြီ
ဒီရာသီဦး ပိတောက်ဖူးကို
သီခူးခွင့်နည်း ဆင်ခွင့်လွဲလို့
လွင့်ဝဲတစ်ခေါက် စည်းကိုဖေါက်၍
လျှောက်ခဲ့လည်ပြန်
ပန်းကြွေကောက်ခါပြန်ခဲ့သည်။
အပြည့်အစုံသို့