နှလုံးသားက
အစိမ်းလိုက်ခြေမွ သွားတာတောင်
ခေါင်းထောင်ချင်သေးတဲ့ အလွမ်း
လက်တစ်ကမ်းက လေပြေမှာ
ဆွတ်ပျံ့နေရှာတဲ့ ရနံ့ အချို့
မှိုင်းညို့ညို့ တိမ်ခိုးတွေလို
ဝေဒနာကို မဖြိုသာဘူး
မျိုထားရတာ များတော့
ချိုသလိုလို ဆေးခါးတွေက
နေသားကျ ကမ်းပါးအိုလို
လှိုင်းရှိုက်တိုင်း မပြိုတော့ဘူးလေ
တိုးတိတ်စွာ ရီဝေရင်း
ရွက်ကြွင်းအချို့ နွေစေရာ
ပျံ့ကြဲနေရှာတဲ့ အနာဂါတ် နဲ့
မောင်....ခရီးတွေဆက်ခဲ့ပြီ။
29 July 2012 at 06:50
နှလုံးသားက
အစိမ်းလိုက်ခြေမွ သွားတာတောင်
ခေါင်းထောင်ချင်သေးတဲ့ အလွမ်း-------တဲ့လား
အဲဒီခေါင်းထောင်နေတဲ့အလွမ်းက
ဘူ့ကိုလွမ်းနေတာလဲ
စကားလုံးတွေကတော့လန်ထွက်နေတာပဲ
နောက်ဆုံကပါတဲ့
မောင်.....ခရီးတွေဆက်ခဲ့ရပြီ -----ဆိုပဲ
နုနေတာ....နုနေတာ
29 July 2012 at 06:58
အော်....မှောင်က ခရီးတွေဆက်နေတာကိုး....၊သများကို
ပစ်ပီး ခရီးဆက်သူလူဇိန်းဂါးဂျီးမှောင်ရဲ့....၊ဂွက်ထော်ကို
မေ့ပီပေါ့လေ....:))))
ဟီး...စတာနော် ဘဂျီး...၊ကဗျာလေးက အလွမ်းဓာတ်ခံ
ရှိသူတွေအတွက်တော့ မျက်ရည်လွယ်စေရဲ့ဗျာ....။
29 July 2012 at 07:03
လွမ်းချင်တိုင်းကို လွမ်းနေတော့တာပဲ ဦးဦးကြံရယ် :P
29 July 2012 at 19:27
အလွမ်းကဗျာတွေဖတ်ရတာ အဝေးတစ်နေရာကို လွမ်းသလိုလိုတောင်ဖြစ်လာပြီ မင်းဧရာရေ။ နည်းနည်းလျှော့ပါအုံးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
29 July 2012 at 19:36
အလွမ်းတွေ အကြောင်း ...
29 July 2012 at 21:51
လူပျိုကြီး အခုတလော တော်တော်လွမ်းနေတာပဲ
ဘယ်သူ့ကို လွမ်းနေပါလိမ့် စဉ်းစားစရာပဲ ။
30 July 2012 at 01:10
တိုးတိတ်စွာ ရီဝေရင်း
ရွက်ကြွင်းအချို့ နွေစေရာ
ပျံ့ကြဲနေရှာတဲ့ အနာဂါတ် နဲ့
မောင်....ခရီးတွေဆက်ခဲ့ပြီ။
မောင်ခရီးတွေဆက်ခဲ့ပြီဆိုတော့ ခုဘယ်ရောက်နေပြီလဲ
မောင်...အဟီး...(စတာ)
လာရောက်အားပေးတွားတယ်။
ခင်တဲ့
အလွမ်း
30 July 2012 at 04:26
တစ်ချို့က ပြောတယ် စူပါက မခါးပါဘူးတဲ့လေ။ တကယ်တော့ အကျင့်ပါနေလို့ နေမှာပါနော်။ (ဒုတိယပိုဒ်အစကို ရည်ရွယ်ပြီး မန့်သည်)
30 July 2012 at 13:12
နှလုံးသားက
အစိမ်းလိုက်ခြေမွ သွားတာတောင်
ခေါင်းထောင်ချင်သေးတဲ့ အလွမ်း..
အစမှာတင် ဟတ်ထိသွားတယ်..:)
ဟုတ်တယ် တော်တော်ဆိုးတဲ့ အလွမ်း..:)))
31 July 2012 at 10:05
မျက်ရည်တောင်လည်လာမိပါရဲ့..
လွမ်းလွန်လွန်းလို့လွန်လွန်လူးပါပြီကေား))
ချစ်ခင်လေးစားလျှက်
31 July 2012 at 12:05
လွမ်းစရာကဗျာလေး
2 August 2012 at 10:12
အာဟား...ဒီတပုဒ်လုံးကောင်းတယ်..ကောင်းတဲ့အထဲက တလုံးပဲပိုစိတ်ဝင်စားသွားပြီ..မောင်..ဆိုပါလား..
ဘကြီးမူံ နူးညံ့နေပါလား..ကျူပ်လည်းမသိ၇ပါလား
3 August 2012 at 15:16
အတိတ်ခါးခါးတွေကို ၀ါးမြိုရင်း စားမြုံ့ပြန်နေသူကို မင်းဧရာဟု ခေါ်သည်။
4 August 2012 at 07:00
စကားလုံးလေးတွေလှလာတယ်ညီလေး။ ခံစားတတ်နေပြန်ပြီလို့အစ်ကိုထင်တယ်။ စာတော့ပြန်ပြန်စစ်ကွာ။ ကဗျာဆိုတာကလည်း တစ်ကြောင်းဆို ဆိုသလောက်ပေါက်တာကွ။ ညီလေးခေါင်းစဉ်မှာ ခရီးနှင်မဟုတ်ဘဲ နှင်း ဖြစ်နေတယ်။
5 August 2012 at 09:40
ကျေးဇူးပါ အကိုကြီးရာ
ကျွန်တော်ပြင်လိုက်ပါပြီ။
7 September 2013 at 03:03
နှလုံးသားက
အစိမ်းလိုက် ခြေမွသွားတာတောင်
ခေါင်းထောင်ချင်သေးတဲ့ .. အလွမ်းတဲ့..
ဟုတ်ပါ့.. မနာနိုင်တဲ့ .. အလွမ်းလေ