ငရဲပြည် နဲ့ နိဗ္ဗာန်
နေ့ချင်းပြန် ခရီးထွက်
ခင်ဗျားရဲ့ စာမျက်နှာအထက်မှာ
ကြားဖူးသမျှတွေ သိမ်းကျုံးစွပ်လို့
ပြီးမှ အမည်တပ်လိုက်ပါ
ကဗျာ
ဘာလင်တံတိုင်းဘေးမှာ
မိုနာလီဇာ ပုံတူကိုငေး လို့
ဗင်းဆင့် ဗန်ဂိုး အကြေင်းကို တွေးရင်း
နယူတန်ရဲ့ နိယာမ တွေကိုရေးချ
ပြီးမှ နာမည်တပ်လိုက်ပါ
ဆရာ
သဲတစ်ပုံးကို
ကတ္တရာစေးတွေနဲ့ လုံးပြီး
အုန်းကနဲ မြည်အောင်ပစ်ချ
ပြီးရင် ကိုယ့်ဖာသာ နာမည်တပ်ပြလိုက်ပါ
ကဗျာ ၊ ဆရာ........။
သာသနာကိုရှောင်ကွင်းနေသူများ-
-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှာ...
10 July 2012 at 09:57
မောင်မင်းဧရာ..
သဲကတ္တရာလုံးတွေနဲ့ တဒုန်းဒုန်း တအုံးအုံး အလုပ်ရှုပ်နေတယ် ထင်ပါ့။ အင်းးး သူ့ကဗျာအရဆိုရင်တော့ လမ်းခင်းတဲ့ လမ်းလုပ်သားတွေ ကဗျာဆရာတွေချည်း ဖြစ်လောက်တယ်။း)
10 July 2012 at 22:09
လေးစားပါတယ် ကဗျာ ဆရာရယ်
ကတ္တရာနဲ့တော့မသုပ်ချင်ဘူး အိုးမဲနဲ့တော့သုတ်ချင်တယ်
ဂျာရစ်း)
10 July 2012 at 22:33
ဦးကြံသကာက ကဗျာဆရာလေ :D :D
10 July 2012 at 23:42
ကားခဘယ်လောက်တဲ့တုန်း.....ငရဲပြည်ကို နေ့ချင်းပြန်
သွားချင်လို့....:))))
11 July 2012 at 00:12
ကဗျာဆရာတဲ့..လှလိုက်တာနော်..သူများတွေများ ..အားကျပါဘိ..:):)
11 July 2012 at 02:09
ကဗျာလာဖတ်တာပါ ခင်ဗျာ ...
11 July 2012 at 05:56
တကယ့်ကို ကဗျာဆရာပါပဲ
11 July 2012 at 07:12
သများလည်း ကဗျာဆရာဖြစ်ချင်ထှာနော်း)း)
11 July 2012 at 17:34
ကိုဘကြိုင်ရယ်....
လွယ်လွယ်လေး သဲတစ်ပုံးကို ကတ္တရာစေးနဲ့ လုံးထားသလို ဘယ်လိုမှ ဘယ်အရာမှ ဝေခွဲလို့မရအောင်ရေး ပြီးရင်ကိုယ့်ဖာသာ နာမည်ပေးလိုက် အဲဒါ ကဗျာဆရာဘဲးး)
အခုတလော မျက်စေ့တွေရော နားတွေရော ကလောနေလို့ ပါ။
15 July 2012 at 02:44
သဲတွေ-ကတ္တစေးတွေဈေးကြီးနေတာ မသိဘူးလားဗျို့
နာမည်ကို ခဲတံနဲ့ပဲရေးလိုက်တော့မယ်