ရိုးတံညှာဦး
ပုရစ်ဖူးကြွ
မြူစယှက်ငှင်
တွေရင်ခွင်မှာ
ငြင်သာပိုက်ထွေး
ဖွဖွမွှေး၍
နုပျိုသွေးကို
မွေးခဲ့စဉ်။
အာကာတစ်ခွင်
တိမ်ခိုးစင်၍
ကြည်လင်ရွှန်းပ
နေ့သစ်စ မှာ
လွန့်ကာမြူကြွ
တစစ နှင့်
ရုန်းကြွတစ်လီ
ထိုပန်းချီကို
လေပြည်ရှိုက်နမ်း
ဝေဟင်နန်းမှ
ယွန်းစ နှစ်ဆယ်
ထွန်းပကြယ်သို့
ရွယ်ရည်ပို့သည်
နှင်းသက်တစ်ရာ
ပြည့်စေရာ။
ချစ်လှစွာသော ညီမလေးရေ.....
အသက်နှစ်ဆယ် ပြည့်မွေးနေ့လေးမှသည် နောင်နှစ်ပေါင်း များစွားတိုင်အောင် စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။
15 May 2012 at 09:51
ကဗျာရေးပေးမယ့် အစ်ကိုရှိတာ အဲ့ဒီညီမလေးဘယ်လောက်ပျော်နေမလဲနော် :D
15 May 2012 at 13:13
ဘကြီးမူံ..ကျုပ်လည်းလာမယ်နော်ဟဲဟဲ
15 May 2012 at 13:26
လာသွားတယ်ညီ ညီရဲ့ ညီမလေးအသက်ရာကျော်ရှည်စေဖို့ဝိုင်းဆုတောင်းပေးလိုက်တယ်
ခင်မင်လျှက်
ချစ်သူမောင်
16 May 2012 at 08:49
ကဗျာဆရာပီသပါပေတယ်။
ဆုတောင်းပေးတာတောင် ကဗျာလေးနဲ့။
ကဗျာလေးက နုနေတာဘဲ။
ကြားဖူးတာ ရှိတတယ်။
ကဗျာတွေ စာတွေ နုနေရင် ရုပ်ကြမ်းတတ်တယ်ဆိုလားဘဲ။း)
16 May 2012 at 09:06
ဒဂျီးမင်း ဘာလို့လူသိအောင် လုပ်နေတာလဲ)))၀။
16 May 2012 at 09:42
ဘယ်ကညီမလဲ ဘယ်သူလေးလဲ
အဲတာကိုအရင်
အင်ထရိုဝင်ပြီးရေးပေါ့လေ
ကဗျာတွေကကတော့ရှယ်ပဲ
တကယ်ကဗျာဆရာပီသပါပေတယ်
16 May 2012 at 18:59
မင်းဧရာရဲ့ ညီမလေးအတွက်-
မင်္ဂလာမွေးနေ့ရက်မြတ်လေးကအစပြုလို့
ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာနဲ့ ကောင်းကျိုးလိုအင်ဆန္ဒ
တစ်လုံးတစ်ဝတည်းပြည့်စုံပါစေလို့ နောက်ကျပေမဲ့
တောင်းဆုလေးချွေခဲ့ပေးပါတယ် မင်းဧရာရေ။
စကားမစပ် တီတင့် ဂျီမေးလ်ကို အက်ဒ်လိုက်လေ
mstint@gmail.com
မေတ္တာဖြင့်
အန်တီတင့်
20 May 2012 at 08:58
ညီမလေးအတွက် ကဗျာလေးဖတ်သွားပါတယ်ဗျာ..ဒါနဲ့ ပျောက်နေပါလားဗျ..စာရေးတာ ကျဲသွားလိုက်တာ..လာခဲ့အုံးနော်..အိမ်လည်
9 June 2012 at 11:40
ကဗျာက စိတ်ဝင်တစားဖတ်ရင်းနဲ ည၁၂နာရီခွဲပြီ မနက်ဆွမ်းခံထွက်ရဦးမယ် ကျိန်းတော့မှ။
9 June 2012 at 11:40
ကဗျာက စိတ်ဝင်တစားဖတ်ရင်းနဲ ည၁၂နာရီခွဲပြီ မနက်ဆွမ်းခံထွက်ရဦးမယ် ကျိန်းတော့မှ။
18 September 2016 at 20:41
Good