အပြည့်အစုံသို့
အပြည့်အစုံသို့
အပြည့်အစုံသို့
အပြည့်အစုံသို့
အဝေးဆုံးအထိ လိုက်မျော
သမုဒ္ဒရာထက်ကြယ်နေသော ၀မ်းတစ်ထွာ
တစ်ခါ တခါတော့
ပြဿနာတွေက ငါ့ကိုရှာတယ်
ရှောင်ဖို့မလွယ်တဲ့ လမ်းကြားမှာ
ချောင်ပိတ်အရိုက်ခံရပါများတဲ့ စိတ်
တစ်ခါ တစ်ခါတော့
ငါဖိတ်ခဲ့တဲ့ ပြဿနာ တွေ
တောင်ပြန်လေကို ခွင်း
မြောက်လေပြင်းကို ဆန်
သိပ်သည်းခြင်း နံရံကိုဖေါက်ဖို့
ငါ့ အတောင်ကို မြှောက်ခဲ့ပြီ။
အပြည့်အစုံသို့
အပြည့်အစုံသို့
အပြည့်အစုံသို့
အပြည့်အစုံသို့
ဗိုလ်ချုပ်
အသက်မရှိတော့တဲ့ အရုပ်ကြီး
မျက်ရေတွေ ဒီးဒီးစီးပြ
အဲဒါ ဒို့ဗိုလ်ချုပ်ဗျာ့လို့ ဟစ်အော်
ကျုပ်တို့မြေပေါ်မှာ
ကြောင်သူတော် ကြွက်သူခိုးနဲ့
အာဖျံကွီးတွေဘဲ တိုးတိုးလာတယ်...ဗိုလ်ချုပ်။
ခင်ဗျားရဲ့ ဓါတ်ပုံကြီးကို လက်ညှိုးထိုး
ထဘီသူခိုးတွေက အမျိုးစပ်ပြ
ဘမျိုးမို့ ချိုထွက်ရသတဲ့.....ဗိုလ်ချုပ်။
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား
ပြည်ပြေးများက ဘုန်းကြီး
နိုင်ငံ့ရေစီးမှာ
သူရို့အိတ်တွေဘဲ ကြီးကြီးလာတယ်...ဗိုလ်ချုပ်။
ဟုတ်သလိုလို မဟုတ်သလိုလို
လွှတ်တော်ကို အဆိုတင်သွင်း သမျှ
ခေါင်းပေါင်းစတွေ ညာချ
စားခွက်မရတဲ့ အသံနဲ့
တစ်ယောက်ကို တစ်ယောက် ကန်ချနေကြပြန်တယ်....ဗိုလ်ချုပ်။
အေးချမ်းစွာ စံမြန်း
ပြန်ခွင့်မရှိတဲ့ လမ်းပေါ်
ကျုပ်မလွမ်း မမျှော်တော့ပါဘူး...ဗိုလ်ချုပ်။
လှိုင်းလူးနေတဲ့ လှေပေါ်
ကျုပ်တက်နဲ့ ကျုပ်လှော်လို့
ကြုံရာကို ပထွေးတော်ရင်း
စားခွက်လုခြင်းကင်းရာက
ကျုပ်ရေးတဲ့ သည်စာ
ဖတ်ခွင့် ရပါစေ....ဗိုလ်ချုပ်။
ဗိုလ်ချုပ်...
သုဂတိဌာနေ လိပ်မူစေ၍။
မင်းဧရာ
19 07 2012 ရက်
အာဇာနည်နေ့။
အပြည့်အစုံသို့
အပြည့်အစုံသို့
ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အလှူကိစ္စ
အပြည့်အစုံသို့
ငရဲပြည် နဲ့ နိဗ္ဗာန်
နေ့ချင်းပြန် ခရီးထွက်
ခင်ဗျားရဲ့ စာမျက်နှာအထက်မှာ
ကြားဖူးသမျှတွေ သိမ်းကျုံးစွပ်လို့
ပြီးမှ အမည်တပ်လိုက်ပါ
ကဗျာ
ဘာလင်တံတိုင်းဘေးမှာ
မိုနာလီဇာ ပုံတူကိုငေး လို့
ဗင်းဆင့် ဗန်ဂိုး အကြေင်းကို တွေးရင်း
နယူတန်ရဲ့ နိယာမ တွေကိုရေးချ
ပြီးမှ နာမည်တပ်လိုက်ပါ
ဆရာ
သဲတစ်ပုံးကို
ကတ္တရာစေးတွေနဲ့ လုံးပြီး
အုန်းကနဲ မြည်အောင်ပစ်ချ
ပြီးရင် ကိုယ့်ဖာသာ နာမည်တပ်ပြလိုက်ပါ
ကဗျာ ၊ ဆရာ........။
အပြည့်အစုံသို့

